วันพฤหัสบดีที่ 31 กรกฎาคม พ.ศ. 2557

Window Phone များအတွက်မြန်မာစာ



မင်္ဂလာပါဗျာ... Window Phone များအတွက် မြန်မာစာလို့သာခေါင်းစဉ်တပ်လိုက်ပေမယ့်

ကျတော် တင်ပြမှာက Window Phone ပေါ်ကနေ အင်တာနက်သုံးရင် မြန်မာစာ အဆင်ပြေပြေ

ဖတ်ရှုနိုင်မယ့် App လေးတခုပါ... အဲ့ဒါကတော့ I Myanmar App လေးပါ.....

Android မှာဆိုရင် Mandalay browser လိုပေါ့ဗျာ.... မြန်မာဖောင့်မထည့်ပဲ မြန်မာလို မှန်ကန်စွာ

ဖတ်ရှုနိုင်မယ့် App လေးတခုဖြစ်ပါတယ်.... ဒီ App လေးရေးသားသူကိုလည်း Credit ပေးပါတယ်..

ကျေးဇူးလည်း အထူးတင်ရှိပါတယ်... ဒီထက်မက အောင်မြင်ပါစေခင်ဗျာ......

i myanmar app ကို

Window Phone ထဲက Store မှာ  I Myanmar လို့ရိုက်ပြီး Download & Install နိုင်ပါတယ်...

install လုပ်ပြီးရင်တော့ I Myanmar ကိုဖွင့်ပြီး မိမိသွားရောက်လိုသော မြန်မာဆိုဒ်တခုကို ၀င်ကြည့်ပါ

မြန်မာစာများ မှန်ကန်စွာဖတ်ရှုနိုင်ပါပြီ....အဲ.. Keyboard အတွက်တော့ ZG Text လေးနဲ့ပဲ 

Copy လုပ်သုံးပေါ့နော်.... ZG Text ကိုလည်း Store ထဲကနေပဲ ဒေါင်းယူနိုင်ပါတယ်...

ကျတော် NOKIA Lumia 520 မှာစမ်းသုံးတာ အဆင်ပြေနေပါတယ်...

ဒီလောက်ဆို အဆင်ပြေကြမယ်ထင်ပါတယ်.... အောက်မှာ ကျတော် Screen Shoot တွေ

ပြထားပေးပါတယ်.... 


ဒါက ကျတော်စမ်းတဲ့ ဖုန်းအမျိုးအစားလေးပါ...


ZG Text ကိုဖွင့်ပြီး မိမိ သွားလိုသော ဆိုဒ်ကို ရိုက်ထည့်ပေးပါ


ပြီးရင် အောက်နားက မြှားထိုးပြထားတဲ့ နေရာကိုနှိပ်လိုက်ပါ... Copy ပြီးသားဖြစ်သွားပါပြီ...



ပြီးရင် i myanmar ကိုဖွင့်ပါ


ပုံထဲက နံပါတ်စဉ်အတိုင်းနှိပ်ပြီး Paste လုပ်လိုက်ပါ ...  ပြီးရင် Enter ပေါ့



ဟုတ်ကဲ့....ဒါဆိုရင်အောက်မှာ မြန်မာစာ ပေါ်ကြောင်းတွေ့ရပါပြီ.... ဒါပေမယ့် စာမမှန်ပါဘူး...

စိတ်မပူပါနဲ့.... အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့်နှိပ်ပြီး Zawgyi One ကိုရွေးပေးလိုက်ပါ...





ပြီးရင် Back ပြန်နှိပ်လာပြီး အောက်ကပုံလေးအတိုင်း Refresh လုပ်ပေးလိုက်ပါ....


ဟုတ်ကဲ့...ဒါဆိုရင် မြန်မာစာ မှန်ကန်စွာ ဖတ်နိုင်ကြောင်း တွေ့ရမှာပါ... အိုကေ စိုပြေပြီပေါ့ဗျ.....





Facebook သုံးရင်လည်း i myanmar ထဲကပဲ သုံးနိုင်ပါတယ်.... မြန်မာစာ လုံးဝမှန်ကန်စွာ

ဖတ်ရှုနိုင်ပါတယ်.... 




အားလုံးပဲ အဆင်ပြေကြပါစေဗျာ...

ဒီပိုစ့်လေးကို PDF ဖိုင်အဖြစ်ဒေါင်းယူလိုရင်

 DOWNLOAD 







วันพุธที่ 30 กรกฎาคม พ.ศ. 2557

Chrome Browser သုံးပြီး Proxy ကျော်မယ်


မင်္ဂလာပါခင်ဗျာ... အွန်လိုင်း တက်ဖြစ်လို့ ပိုစ့်တွေလည်း မတင်ရတာကြာပြီဗျာ.... ဒီနေ့တော့

ပိုစ့်လေးတပုဒ် ကြိုးစားတင်မယ်ဆိုပြီး လိုင်ပေါ် ကုတ်တက်လာခဲ့ပါတယ်ခင်ဗျ...  :D

ခုကျတော်တင်ပြမှာက Chrome Browser သုံးပြီး ကျော်ခွနည်းလေးပါ... မသိသေးသောသူများ

အတွက်ရည်ရွယ်တာပါခမျ.... သိပြီးသူတွေလည်း ဖတ်ပြီး မှားတာရှိရင် ဝေဖန်ပေးကြပါနော်..

ဒီနည်းလေးက လွယ်ကူလွန်းတာမို့ အခြေခံသမားများပါ အလွယ်တကူ သုံးနိုင်ကြမှာပါ...

ကဲ...လေနည်းနည်းရှည်သွားပြီ .... စလိုက်ကြရအောင်နော်....

အရင်ဆုံး Chrome Browser ကိုဖွင့်ပြီး ပုံလေးအတိုင်း Menu >>> Setting ကိုသွားပါ...


ပြီးရင် အောက်ကပုံအတိုင်း Extensions >>> Get More Extensions ကိုသွားပါ...



ပြီးရင်အောက်ကပုံအတိုင်း Search Box မှာ Geoproxy လို့ရိုက်ပြီး ပေါ်လာရင် Free ဆိုတဲ့နေရာကိုနှိပ်ပါ...

အောက်မှာ အမှတ်စဉ်အလိုက် မြှားထိုးပြထားပါတယ်...



ခဏလေးစောင့်ပြီး အောက်ကပုံအတိုင်းပေါ်လာရင် Add ကိုနှိပ်လိုက်ပါ...



ခဏလေးထပ်စောင့်ပြီးရင်တော့ Geoproxy ကို Chrome ထဲ Add ပြီးကြောင်းအောက်ကလို 
မက်ဆေ့ပေးပါမယ်... ဒါဆိုရင် စသုံးနိုင်ပါပြီ....



သုံးနည်းကတော့ အောက်ကအတိုင်း Menu ဘေးမှာပေါ်နေတဲ့ G ပုံနဲ့ Logo ကိုကလစ်လိုက်ပါ...

ပြီးရင် အောက်ကပုံအတိုင်းပေါ်လာရင် Select ကိုနှိပ်ပြီး မိမိလိုချင်တဲ့ နိုင်ငံကိုနှိပ်ပါ....


ပြီးရင် ဘေးနားက Search ကိုနှိပ်လိုက်ပြီး ခဏလေးစောင့်နေလိုက်ရင်






အောက်ကပုံအတိုင်း ပေါ်လာမှာပါ... မိမိနှစ်သက်ရာ proxy ကုဒ်ကို နှိပ်ပြီးသုံးနိုင်ပါပြီ...



အကယ်၍ Proxy နဲ့ မသုံးချင်တော့ဘူးဆိုရင်တော့ အောက်ကပုံအတိုင်း Do not use proxy ကိုနှိပ်ပြီး

ပိတ်ထားနိုင်ပါတယ်ခင်ဗျာ.... အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

ဒီပိုစ့်လေးဟာ အသုံးတည့်ခဲ့မယ်ဆိုရင် သင့်ရဲ့ မိတ်ဆွေများကိုလည်း Share ပေးပါဦးလို့....


ဒီပိုစ့်လေးကို PDF ဖိုင်အဖြစ်ဒေါင်းယူရန်




 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U